ရေးမြို့နယ် အမတ်လောင်း ဦးအောင်နိုင်ဝင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း

ရေးတော်ဝင်သတင်းဌာနရဲ့ အယ်ဒီတာချုပ်၊ အငြိမ်းစားဗိုလ်မှူး ဦးအောင်နိုင်ဝင်းဟာ မွန်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ် (၆) ရဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရလို့ အမျိုးသားလွှတ်တော်ထဲ ရောက်သွားရင်တော့ ဒေသအကျိုး၊ တိုင်းပြည်အကျိုးရှိမယ့် ကိစ္စတွေအားလုံးကို ပူးပေါင်းဆောင်ရွက်သွားပြီး ဒေသနဲ့ နိုင်ငံကို ထိခိုက်စေမယ့် ကိစ္စတွေကို အတိုက်အခံအဖြစ် လွှတ်တော်ထဲမှာ ရပ်တည်သွားမယ်လို့ ပြောပါတယ်။

ဦးအောင်နိုင်ဝင်းကို RFA သတင်းထောက် ကိုဉာဏ်စိုးဝင်းက ရေးမြို့နယ်မှာ သွားရောက် တွေ့ဆုံမေးမြန်း ထားပါတယ်။