NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နွေဦးတော်လှန်ရေး အဖွဲ့အားလုံး တစ်ခုတည်းသော အမိန့်နာခံမှုအောက်မှာ မဟာဗျူဟာ ထိုးစစ်ဆင်နိုင်ဖို့ အပူတပြင်းကြိုးစားနေပြီး အဲဒီ ထိုးစစ်အောင်မြင်မယ်ဆိုရင် လာမယ့်နှစ်ဆန်းပိုင်းဟာ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အဆုံးသတ်ပြီး တော်လှန်ရေးအောင်ပွဲခံကာလ ဖြစ်နိုင်ပါတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။ ဝန်ကြီးဦးရည်မွန်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ် မေးမြန်းထားပါတယ်။ ပထမပိုင်းကို နားဆင်ပါ။