0:00 / 0:00
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ဆေးရုံမှာ သွေးလွန်တုပ်ကွေးကြောင့် ကလေးငယ် ၆ဝ ကျော်လောက် တက်ရောက် ကုသခံယူနေရပါတယ်။ ဆေးရုံမှာရှိတဲ့ ကုတင်နဲ့တောင်မဆံ့ပဲ တန်းလျားတွေထိုးပြီး ကုသပေးနေရတယ်လို့ လားရှိုးဆေးရုံက ဒုတိယဆေးရုံအုပ် ဒေါက်တာ ဒေါ်ဇင်ဇင်သန်းဝေက ပြောပါတယ်။
ဒေါက်တာ ဒေါ်ဇင်ဇင်သန်းဝေကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။