0:00 / 0:00
မန္တလေးတိုင်းလွှတ်တော်မှာ တင်သွင်းလိုင်စင်မရှိဘဲ ဆေးကုသနေတဲ့ လုပ်ငန်းကို အရေးယူရေး အဆိုရှူံးနိမ့်သွားပါတယ်။ မန္တလေးမှာ ဂရိတ်ဝေါ ဦးတင်မောင် ဖွင့်ခဲ့တဲ့ တော်ဝင်နှင်းဆီဆေးရုံအမှုရှိခဲ့ပြီး တရားမဝင်ဆေးခန်းတွေလည်း ရှိနေပါတယ်။ လူနာတွေကတော့ တရားဝင်ဆေးရုံ ဆေးခန်းတွေကိုပဲ သွားသင့်တယ်လို့ မန္တလေးဆေးတက္ကသိုလ် ဆေးပညာဌာန အငြိမ်းစား ပါမောက္ခ၊ ဌာနမှူး သမားတော်ကြီး ဒေါက်တာအောင်ကြီးက ပြောပါတယ်။
ဒေါက်တာအောင်ကြီး ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ် မေးမြန်းထားပါတယ်။
