ပြည်တွင်းပြည်ပမှာ ကျဆုံးနေတဲ့ အာဏာသိမ်းစစ်ကောင်စီက ခုခံစစ်အတွက် ပြင်ဆင်နေရချိန်မှာ တော်လှန်ရေးအင်အားစုတွေကတော့ ခုခံစစ်ကနေ အနိုင်ယူတိုက်ခိုက်တဲ့အဆင့်ကို တက်ရောက်တော့မှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
“မပြီးသေးဘူး၊ ငါတို့အလှည့်ကျန်သေးတယ်” လို့ မိမိတို့ အရင်ကကြွေးကြော်ခဲ့ကြောင်း၊ ဒါပေမဲ့ အခုတော့ “ငါတို့အလှည့်လာပြီ” လို့ ပြောင်းလဲကြွေးကြော်ကြတော့မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ ကိုမင်းကိုနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။