အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လောစ့်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက သံရုံးအုပ် ဒေါ်မြမြကြည်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဒီကနေ့ မတ်လ ၂ ရက်နေ့က စပြီး CDM ဝန်ထမ်းလှုပ်ရှားမှုမှာပါဝင် ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။
ဒေါ်မြမြကြည်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။