ငွေစက္ကူရိုက်နှိပ်တဲ့ ကုန်ကြမ်းတင်သွင်းမှု ဂျာမဏီကုမ္ပဏီ ရပ်ဆိုင်း

ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021-03-31
Share

အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဂျာမဏီနိုင်ငံ မြူးနစ်မြို့ အခြေစိုက် Giesecke and Devrient ကုမ္ပဏီက မြန်မာကို အစိုးရပုံနှိပ်လုပ်ငန်းနဲ့ ငွေစက္ကူထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

ဂျာမဏီရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့နောက် အခုလို ကုမ္ပဏီက ရပ်ဆိုင်းမှု ဖြစ်လာတာပါ။

ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ မြူးနစ်မြို့က မငြိမ်းချမ်းမေကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့