အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာနိုင်ငံသားများအရေး ဆွေးနွေး

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.07.25

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းကနေ ထိုင်းနိုင်ငံကိုထွက်ပြေးခိုလှုံလာသူတွေ တရားဝင်အထောက်အထား ရရှိရေးနဲ့ အလုပ်အကိုင်ရရှိရေးအတွက် အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကို တင်ပြခဲ့ပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူတွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပထမဆုံး လာရောက်တွေ့ဆုံရာမှာ တင်ပြခဲ့တာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုး ကပြောပါတယ်။

ဦးမိုးကြိုးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။