ဦးသန့်စင်မောင်နဲ့ မေးမြန်းချက်


2016.03.23

ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး အမည်စာရင်းမှာ အန်အယ်လ်ဒီရဲ့ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်မောင်လည်း ပါဝင်ပါတယ်။

သူဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဦးသန့်စင်မောင်ဟာ ရန်ကုန်တက္ကသိုလ်နဲ့ ပုသိမ်ကောလိပ်တို့မှာ နည်းပြဆရာအဖြစ် ၆ နှစ်နဲ့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှာ လက်ထောက်မန်နေဂျာ ရာထူးမှစတင်ကာ အထွေထွေ မန်နေဂျာရာထူးထိ နှစ် ၃၀ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်စင်မောင်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။