0:00 / 0:00
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ KIA တို့ တိုက်ပွဲတွေထပ်ဖြစ်နေတာကြောင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၆ဝဝ ကျော်ရှိနေပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဝင် ဦးအောင်မြတ် ကို စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
