0:00 / 0:00
အမုန်းစကားတွေ ဟောပြောတာ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားမှာ အမုန်းတရား ပွားများအောင် လှုံ့ဆော်ဟောပြောမယ်ဆိုရင် ဆရာတော် ဦးဝီရသူ အပါအဝင် ဘယ်အဖွဲ့အစည်းကိုမဆို နိုင်ငံတော်သံဃာ့မဟာနာယကအပါအဝင် သံဃာအဖွဲ့အစည်း အဆင့်ဆင့်တို့က ဓမ္မစက်နဲ့ ထိထိရောက်ရောက်ဟန့်တားသွားမှာဖြစ်ပြီး မလိုက်နာရင် အာဏာစက်ကို လွှဲပေးမှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
