တရုတ်ကုန်ကားကြီးတွေနဲ့ တစ်ရှူးငှက်ပျောသယ်ယူမှု မေးမြန်းချက်

0:00 / 0:00

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ တရုတ်လုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ စိုက်ပျိုးထားတဲ့ တစ်ရှူး ငှက်ပျောတွေကို လုပ်ငန်းရှင်တွေက တရုတ်ကုန်ကားကြီးတွေနဲ့ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာပြီး တရုတ်ပြည်ဘက် သယ်ယူနေပါတယ်။

လောလောဆယ်မှာ အဲ့ဒီလိုသယ်ယူနေတာတွေကို ကချင်ပြည်နယ်အစိုးရအဖဲ့ွက တားမြစ်ထားပါတယ်။ ကချင်ပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာ ခင်မောင်ထွန်းကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က တွေ့ဆုံမေးမြန်းထားပါတယ်။