0:00 / 0:00
တအာန်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေမှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေကို လွတ်လွတ်လပ်လပ်လုပ်နိုင် ကြောင်း ဒါပေမယ့်လုံခြုံရေးကိုတော့ အာမမခံနိုင်ဘူးလို့လည်း TNLA က ပြောပါတယ်။
ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်း ထားပါတယ်။
