0:00 / 0:00
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့ကစပြီး RCSS/SSA နဲ့ TNLA တပ်တွေ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၅၀၀ လောက်ဟာ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာကို နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြရပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြနေသလို ရွာသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်မူမျိုးတွေ မလုပ်ကြောင်း ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဗိုလ်မှူးချုပ် တာဂျုတ်ဂျားကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
