TNLA နဲ့ RCSS တို့ တိုက်ပွဲအကြောင်း TNLA ဗိုလ်မှူး မိုင်းအိုက်ကျော်နဲ့ မေးမြန်းချက်

0:00 / 0:00

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ တပ်မတော်တို့ ပူးပေါင်းပြီး TNLA တအာင်းပလောင်အဖွဲ့ကို ထိုးစစ်ဆင်နေကြောင်းနဲ့ ရှမ်းမြောက်မှာဖြစ်နေတဲ့ RCSS နဲ့ TNLA တိုက်ပွဲတွေဟာ တပ်မတော်က RCSS ကို အသုံးချနေတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး TNLA တအာင်းပလောင်အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။