၁၀ ဘီး နဲ့ ၁၂ ဘီး ကုန်သေတ္တာယာဉ်တွေကို အာဆီယံစံနှုန်းအတိုင်း သတ်မှတ်

0:00 / 0:00

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၀ ဘီး နဲ့ ၁၂ ဘီး ကုန်သေတ္တာယာဉ်တွေကို အာဆီယံစံနှုန်းအတိုင်း ကုန်စည် တွေတင်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်လိုက်တဲ့အတွက် ကုန်စည်များများ တင်ဆောင်နိုင်မယ့် ၁၀ ဘီး ၁၂ ဘီး ကုန်သေတ္တာတင်ယာဉ်တွေအစား ပေ ၂၀ နောက်တွဲယာဉ်တွေ တင်သွင်းနိုင်ဖို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းက အစိုးရထံတောင်းဆိုထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်း အလုပ်အမှုဆောင် ကိုမျိုးထွဋ်အောင် ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။