ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး နဲ့ မေးမြန်းချက်

0:00 / 0:00

ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှုကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ၆ ဦးဟာ ကျောက်ဖြူမြို့မှာ ဒေသခံတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ရက် ၁ဝဝ အတွင်း ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေး၊ နိုင်ငံသားစိစစ်ရေးနဲ့ ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးကိစ္စတွေကို ဆောင်ရွက်သွားမယ့်အကြောင်း ရှင်းပြခဲ့ပါတယ်။

တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။