0:00 / 0:00
မြန်မာနိုင်ငံ နေရာအနှံ့နီးပါးမှာ လေပြင်းတိုက်ခတ်ပြီး အချိန်အခါမဟုတ် မိုးရွာတာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာတွေ ဖြစ်နေပါတယ်။ အဲ့ဒီလို အချိန်အခါမဟုတ် အဖြစ်အပျက်တွေဟာ နောက် ၃ ရက်လောက်အထိ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
ဒေါက်တာထွန်းလွင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်းထားပါတယ်။