သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တစ်နှစ်ဆက်ထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ Credential Committee က သဘောတူညီလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ကော်မတီအစည်းအဝေးကနေ ဦးကျော်မိုးထွန်းကို နောက်ထပ်သက်တမ်းတစ်နှစ်ထားရှိဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
