မိုးမောက်မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်ကို ဒေသခံ ၉၀၀ ကျော်က တိုင်တန်း

0:00 / 0:00

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကနေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို ပါတီပြောင်းလိုက်တာကြောင့် မိုးမောက်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြမောင်ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပြန်ရုတ်သိမ်းဖို့ ဒေသခံ ၉၀၀ ကျော်က ရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းထားပါတယ်။

ပါတီနှစ်ခုကြား မပြေလည်မှုတွေကြောင့် အခုလို တိုင်ကြားခံရတာဖြစ်ပြီး ဖြေရှင်းသွားမှာဖြစ်ကြောင်း ဦးစိုင်းမြမောင်က ပြောပါတယ်။

ဦးစိုင်းမြမောင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။