0:00 / 0:00
အခုလ ၂၃ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသားလူ မျိုးများဖက်ဒရယ်ကောင်စီ UNFC က တာဝန်ရှိသူတွေ တွေ့ဆုံဖို့ အစိုးရဘက်က မနေ့က တရားဝင်ဖိတ်ကြားလိုက်ပါတယ်။
ဖိတ်ကြားစာကို လက်ခံရရှိထားပြီးဖြစ်ကြောင်းနဲ့ တွေ့ဆုံအချိန်နဲ့ ပတ်သက်ပြီး UNFC ခေါင်းဆောင်တွေ အစည်းအဝေးဆုံးဖြတ်ပြီး အစိုးရထံအကြောင်း ပြန်သွားမှာဖြစ်တယ်လို့ UNFC ရဲ့တွဲဖက်အတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။
ဦးထွန်းဇော် ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
