UPWC နဲ့ NCCT ဆွေးနွေးပွဲ အကြောင်း ဗိုလ်မှူးစောလုံလုံ နဲ့ မေးမြန်းချက်

2015-03-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ဒီနေ့တွေ့ဆုံရာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့ပါတယ်။

မနက်ဖြန်မှာ အချောသတ်ဆွေးနွေးပြီး ဧပြီလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မယ်လို့ NCCT အဖွဲ့ဝင် ဖြစ်တဲ့ DKBA ကိုယ်စားလှယ် ဗိုလ်မှူးစောလုံလုံ ကပြောပါတယ်။

ဗိုလ်မှူးစောလုံလုံကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့