0:00 / 0:00
တရုတ် မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျော့ချနိုင်ဖို့နဲ့ မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးလိုတယ်ဆိုရင် တရုတ်နိုင်ငံက ကြားဝင်ဆက်သွယ်ပေးမှာဖြစ်ကြောင်း တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်က ကမ်းလှမ်းခဲ့တယ်လို့ AA ရခိုင်တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် က ပြောပါတယ်။
မနေ့က ကူမင်းမြို့မှာ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang ဆွန်ကောရှန်းဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့၊ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့တဲ့အကြောင်း AA ရခိုင်တော်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
