0:00 / 0:00
လက်ရှိအစိုးရသစ်ဟာ ပြည်သူရွေးကောက်တဲ့ အစိုးရဖြစ်သလို လူ့အခွင့်အရေးဆောင်ရွက်နေသူတချို့လည်း အစိုးရအဖွဲ့ဝင်အဖြစ်ပါနေတာကြောင့် NLD အစိုးရလက်ထက်မှာ လူ့အခွင့်အရေး အခြေ အနေဟာ အရင်ကထက် ပိုတိုးတက်လာလိမ့်မယ်လို့ထင်ကြောင်း အမေရိကန်သမ္မတဟောင်း ဂျော့ချ် ဒဘလျူဘုရှ် တည်ထောင်တဲ့ Bush Institute မှာ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းတက်ရောက်ခဲ့တဲ့ World Vision ရဲ့ ဆက်ဆံရေးတာဝန်ခံ ဝါးအယ်ထူးကပြောပါတယ်။
သင်တန်းဆင်းအောင်လက်မှတ်ပေးပွဲကို တက်ရောက်ဖို့ အမေရိကန်ကိုရောက်ရှိနေတဲ့ ဝါးအယ်ထူးကို RFA အဖွဲ့သူ မခက်မာက RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
