NLD အစိုးရသစ်နဲ့ တရုတ်စီမံကိန်းကြီးများအရေး ဝမ်ပေါင်ကုမ္ပဏီပြောခွင့်ရသူနဲ့ မေးမြန်းချက်

0:00 / 0:00

NLD အစိုးရသစ်တက်လာပြီး သီတင်းပတ်အနည်းငယ်အကြာ မေလထဲမှာ မုံရွာ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး လုပ်ငန်းတွေကို ပြန်လည်စတင်တော့မယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။ NLD အစိုးရလက်ထက်မှာ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းလို ဧရာမတရုတ်စီးပွားရေး စီမံကိန်းကြီးတွေ ဆိုင်းငံ့ထားမှာကို စိုးရိမ်ပူပန်မှုမရှိသလို ကောင်းမွန်တဲ့အနာဂတ်တွေ ရှိလာမယ်လို့လည်း ယုံကြည်ထားကြောင်း ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဒေါင်ယွန်ဖီးက ပြောပါတယ်။

မစ္စတာ ဒေါင်ယွန်ဖီးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။