စကာၤပူမှာ ခုန်ချသေဆုံးခဲ့တဲ့ အိမ်ဖော် နောက်ဆက်တွဲအခြေအနေ မေးမြန်းချက်

0:00 / 0:00

စင်္ကာပူနိုင်ငံ၊ Depot Road မှာရှိတဲ့ Interlace Condo ၁၉ ထပ်ကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ည က ခုန်ချသေ ဆုံးခဲ့တဲ့ မြန်မာအိမ်အကူ မိန်းကလေး မဇင်မာဦး ရဲ ့မိသားစုတွေနဲ့ ဆက်သွယ်ထားပြီး မိသားစုရောက်ရှိလာမှ သဂြိုဟ်မှာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် က ပြောပါတယ်။

မြန်မာသံရုံး ပထမအတွင်းဝန် ဒေါ်စန်းစန္ဒာဝင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်း ထားပါတယ်။