ကံပေါက်မြို့ အလုပ်သမား ၁၀၀ ကျော်ဆန္ဒပြတဲ့အကြောင်းမေးမြန်းချက်

0:00 / 0:00

တနသာၤရီတိုင်းဒေသကြီး ကံပေါက်ဒေသမှာရှိတဲ့ သဘာဝဓာတ်ငွေ့တူးဖော်နေတဲ့ Total ကုမ္ပဏီက အလုပ်သမား ၁၀၀ ကျော်ကို တာဝန်ကနေရပ်စဲ လိုက်တာကြောင့် အလုပ်ထုတ်နစ်နာကြေးတွေပေးဖို့ အလုပ်သမား ၁၀၀ ကျော်က ကံပေါက်မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမားတစ်ဦးဖြစ်သူ ကိုတင့်ဝေကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

အလုပ်သမားတစ်ဦးဖြစ်သူ ကိုတင့်ဝေနဲ့ မေးမြန်းချက်အပြည့်အစုံ

ဝေယံမိုးမြင့်။ ။ ဒီနေ့ Total ရေနံကုမ္ပဏီက အလုပ်ရပ်စဲခံထားရတဲ့သူတွေ ဆန္ဒပြတာအခြေအနေ ဘယ်လိုရှိပါလဲရှင့်။

ကိုတင့်ဝေ။ ။ ကျနော်တို့အလုပ်ထုတ်ခံရတဲ့အဖွဲ့က ၁၁၅ ယောက်ဆိုတော့၊ အဲ့ ၁၁၅ ယောက်မှာနောက်ကနေပါဝင်တဲ့ မိသားစုဝင်တွေလဲရှိတော့ စုစုပေါင်းလူဦးရေ ၂၀၀ ကျော်၊ ၃၀၀ နီးပါးလောက်ရှိတယ်ခင်ဗျ၊ ကျနော်တို့က ကံပေါက်ဒေသ ဘောလုံး ကွင်းကနေပြီးတော့ စုရပ်စုတယ်ခင်ဗျ၊ အဲ့လိုစုပြီးတော့မှ Total ကုမ္ပဏီရဲ့မိန်းဂိတ်တွေ ကို လမ်းလျှောက်ဆန္ဒပြပြီးတော့မှ တောင်းဆိုတယ်ခင်ဗျ၊

ဝေယံမိုးမြင့်။ ။ အလုပ်သမားတွေကို ရပ်စဲလိုက်တာ ဘယ်လိုရာထူးရှိတဲ့ အလုပ်သမားတွေကို ရပ်စဲလိုက်တာလဲရှင့်။

ကိုတင့်ဝေ။ ။ ရာထူးကတော့အမျိုးမျိုးပဲခင်ဗျ၊ အော်ပရေတာလဲပါတယ်၊ ဒါရိုက်ဘာလဲပါတယ်၊ အလုပ်သမားတွေလဲပါတယ်၊

ဝေယံမိုးမြင့်။ ။ သူတို့အနေနဲ့ ဘာကြောင့်အလုပ်ရပ်စဲလိုက်တယ်လို့ပြောပါလဲရှင့်။

ကိုတင့်ဝေ။ ။ လောလောဆယ်တော့ ကျနော်တို့ကို သူတို့ပြောတာကတော့ ကန်ထရိုက်ကုမ္ပဏီသက်တမ်းပြည့်သွားလို့ နားတယ်လို့တော့ ကျနော်တို့ကိုပြောပါ တယ်ခင်ဗျ၊

ဝေယံမိုးမြင့်။ ။ အကိုတို့ရဲ့ထုတ်ပြန်ကြေညာချက်မှာ အကြိမ်ကြိမ်အလုပ်ထုတ် ခံရမှုတွေကိုတွေ့ရပါတယ်၊ ဒီဟာက ဘယ်နှကြိမ်မြောက်ပါလဲရှင့်။

ကိုတင့်ဝေ။ ။ အလုပ်ထုတ်ခံရတာ Total ကတော့ အရင်ကတော့ သူတို့ သက်တမ်းပြီးတာနဲ့ အဲ့လူတွေနားတာပဲခင်ဗျ၊ နောက်ပြီးတော့ ၄ ကြိမ်လောက်တော့ ရှိတာပေါ့ခင်ဗျ၊ ကျနော်တို့ကတော့ နောက်ဆုံးပေါ့ခင်ဗျ၊ တချို့ကျတော့ call လို့ ခေါ်ပြီးတော့ ကျနော်တို့ကိုကျတော့ public လို့ခေါ်တယ်ခင်ဗျ၊ အဲ့လိုလေးကွဲတယ်ခင်ဗျ၊ call ကျတော့ အမြဲတမ်းဝန်ထမ်းမဟုတ်ဘူးခင်ဗျ၊ public ကျတော့အမြဲဝန်ထမ်း ပေါ့နော်၊ ကျနော်တို့က Total ကုမ္ပဏီစတဲ့အချိန်ကနေခုထိ တချို့ဆိုလုပ်သက် ၁၈ နှစ်တဲ့သူတွေတောင်ရှိတယ်ခင်ဗျ၊ ဒီနေ့ကျမှကျနော်တို့ကို သူတို့ကတိကနဲဖြတ်လိုက် တာဗျ၊

ဝေယံမိုးမြင့်။ ။ အခုလက်ရှိအလုတ်ထုတ်ခံရတဲ့သူတွေနဲ့ အလုပ်ရှင်တို့ဘာတွေ ညှိနှိုင်းပြီးသွားပြီလဲရှင့်၊

ကိုတင့်ဝေ။ ။ ကျနော်တို့ကတော့ သူတို့ဆီကိုပထမဒီဇင်ဘာမှာ အလုပ်ရပ်စဲမယ်လို့ပြောတာနဲ့ ကျနော်တို့တောင်းဆိုတဲ့အချက် ၆ ချက်ကို လှမ်းပြီး တောင်းတယ်၊ ဒီဇင်ဘာမှာ ၂ ကြိမ်တောင်းတယ်ခင်ဗျ၊ အဲ့မှာအဆင်မပြေတော့ ကျနော်တို့ထက်ပြီးတင်တယ်ခင်ဗျ၊ ကျနော်တို့ဆီပြန်စာမလာတော့မှ မြို့နယ်အဆင်နဲ့ တိုင်းအဆင့်ထိဆွေးနွေးပြီးပြီခင်ဗျ၊ ကျနော်တို့တောင်းတဲ့ ၆ ချက်ထဲမှာ ၃ ချက်ကတော့လိုက်လျောမှုရှိတယ်ခင်ဗျ၊ ကျန်တဲ့ ၃ ချက်တော့မရသေးဘူးခင်ဗျ၊ နှစ်စဉ်နှစ်တိုင်း ၁ နှစ်တစ်ခါပေးနေကြအပိုဆုကြေးငွေရယ်၊ နောက်ပြီးတော့ ကျနော်တို့ကိုသူတို့သတ်မှတ်ထားတဲ့အပိုဆုကြေးငွေရယ်၊ အဲ့ဒါတစ်ခုတောင်းတယ် ခင်ဗျ၊ နောက်ပြီးတော့ ကျနော်တို့က အလုပ်ဆင်းပြီးတော့အလုပ်နားရက်မှာပိုက်ဆံ ရတာကိုးအဲ့ဒီနားရက်မှာလဲကျနော်တို့ပိုက်ဆံတောင်းတယ်ခင်ဗျ၊ ပြီးတော့ကျနော်တို့ကို အလုပ်ထုတ်လိုက်တော့လုပ်သက်တွေအများကြီးနစ်နာသွားတယ်ခင်ဗျ၊ လုပ်သက် နစ်နာကြေးတွေကိုလဲတောင်းတယ်ခင်ဗျ၊ ကျနော့်ကိုကျနော်တော့ အလုပ်မပြုတ် သေးဘူးခင်ဗျ၊ အဲ့တော့ကျနော်တို့နစ်နာကြေးခင်ဗျ၊ သူတို့ပေးတာကတော့ ၁၅ ရာခိုင်နှုန်းဘောနပ်စ်ရယ်၊ နှစ်စဉ်အပိုဆုကြေးငွေရယ်၊ ၃ ခုတော့ပေးတယ်ခင်ဗျ၊

ဝေယံမိုးမြင့်။ ။ တောင်းဆိုမှုတွေရှိရှိဖို့အတွက် ဘာတွေဆက်လုပ်သွားဖို့ရှိလဲရှင့်။

ကိုတင့်ဝေ။ ။ ကျနော်တို့ကတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အဖြေထွက်လာ တော့မှအဲ့ဖြေပေါ်မှာမူတည်ပြီးတော့မှ ကျနော်တို့ ၃ ချက်ကိုသဘောမတူဘူးဆိုရင် နေပြည်တော်ခုံသမာဓိထိဆက်တက်ဖို့ရှိတယ်ခင်ဗျ။

ဝေယံမိုးမြင့်။ ။ အခုလိုဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။

ကိုတင့်ဝေ။ ။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။