နိုင်ငံရေးသမားအဖြစ် စိတ်ရောကိုယ်ပါ ပြောင်းလဲခံယူသင့်လို့ စာရေးဆရာမောင်ဝံသပြော

ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာမောင်ဝံသက ဒီတစ်ပတ်ထုတ် ဂျာနယ်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်က ပုဂ္ဂိုလ်တွေအနေနဲ့ ဥပဒေပြုရေးမဏ္ဍိုင်က လွှတ်တော်အမတ်တွေကို လေးလေးစားစား ဆက်ဆံသင့်တယ်ဆိုတဲ့ အယူအဆနဲ့ အမတ်တွေကလည်း ရေပေါ်ဆီမဖြစ်ဖို့ လိုတယ်ဆိုပြီး ထောက်ပြထားတဲ့ ဆောင်းပါးတစ်စောင် ရေးသားလိုက်ပါတယ်။