0:00 / 0:00
ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲက ယူရိုငွေသန်း ၈ဝ ကျော် ပျောက်ဆုံးနေမှုဟာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင်ဝန်ကြီးဟောင်းတွေ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး လုပ်ငန်းရှင်တွေက သူရဦးရွှေမန်းဦးဆောင်တဲ့ ကော်မရှင်ကို တိုင်ကြားစာပေးပို့ထားတာဟာ နိုင်ငံရေးအရ အပုပ်ချတာလို့ ယူဆကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က ပြောပါတယ်။
အဲ့ဒီရန်ပုံငွေ သုံးစွဲမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အရင် အစိုးရတာဝန်ရှိသူတွေမှာ သုံးစွဲမှုနဲ့ပတ်သက်ပြီး အထောက်အထား ခိုင်ခိုင်လုံလုံရှိတာကြောင့် စုံစမ်းစစ်ဆေးလိုက်မယ်ဆိုရင် အဖြေမှန်ထွက်လာနိုင်တယ်လို့ ဦးရဲထွဋ် က ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
