0:00 / 0:00
လက်ရှိ ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ အမည်၊ အလံနဲ့ အမှတ်တံဆိပ်တို့ကို ပြန်လည်ပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့နဲ့ အဲဒီညွှန်ကြားချက်ကို ပြောင်းလဲပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ပေမယ့် မပြင်ဆင်ပေးနိုင်ဘူးဆိုတဲ့ ရလဒ်ပဲရခဲ့တယ်လို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ခေါင်းဆောင်တွေက ပြောပါတယ်။
ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးရဲနိုင်အောင် ကို RFA သတင်းထောက် ကိုသန့်ဇင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။
