ဇလွန်မြို့နယ်မှာမြေနေရာ အစားပေးမည်

0:00 / 0:00

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မိုးတွင်းကာလတုန်းက မြစ်ကမ်းပါးပြိုလို့ ပြောင်းရွှေ့နေရတဲ့ ဂုံညှင်းတန်းကျေးရွာက အိမ်ခြေ ၁၂၆ လုံးနဲ့ နဲ့ အထွဋ်ကျေးရွာက အိမ်ခြေ ၄၃ လုံးအတွက် မြေနေရာချထားပေးဖို့ မြေနေရာရှာနေတယ်လို့ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း က ပြောပါတယ်။

ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။