ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ဟာ ၂၀၂၀ မှာ ကချင်ပြည်နယ်အတွင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ ဦး၊ ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း နှစ်ဦး၊ စုစုပေါင်း ၂၀ ဦးနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မှာပါ။
နိုင်ငံအတွက် အကျိုးရှိမယ့် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံနိုင်ပေမယ့် အမျိုးသား အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ မြစ်ဆုံစီမံကိန်းကို လက်မခံကြောင်းနဲ့ ဖားကန့် ကျောက်စိမ်းနယ်မြေကို သဘာဝ ခရီးသွားလာရေးနေရာအဖြစ် ဆောင်ရွက်လိုတယ်လို့ KNC ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဇော်အောင်က ပြောပါတယ်။
သူက မြစ်ကြီးနားမြို့နယ်အမှတ် (၂) မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မှာ ဖြစ်ပါတယ်။
