0:00 / 0:00
နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီးရေးဆွဲနေတာ မနေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ နောက်ဆုံးနေ့အဖြစ် ဆွေးနွေးပြီး မူကြမ်းရရှိလာပြီဖြစ်ပါတယ်။
အဲ့ဒီမူကြမ်းကို လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ နေပြည်တော်မှာ အတည်ပြုသွားမှာ ဖြစ်ပါတယ်။
မူဘောင်ရေးဆွဲရာမှာပါဝင်ခဲ့တဲ့ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း အဖွဲ့ဝင် ဦးဇိုဇမ်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း တွေ့ဆုံမေးမြန်း ထားပါတယ်။
