မန္တလေးက ဖမ်းဆီးခြိမ်းခြောက်မှုတွေအကြောင်းနဲ့ နိုဝင်ဘာ ၁၇ RFA အထူးအစီအစဥ်

RFA ရေဒီယိုနဲ့ရုပ်သံ အထူးအစီအစဉ် ၂ဝ၂၆ နိုဝင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့

မန္တလေးမှာ ပြည်သူ့စစ်တချို့က ဖမ်းဆီးငွေတောင်းတာ၊ ခြိမ်းခြောက်အနိုင်ကျင့်တာတွေရှိနေတဲ့ အတွက် ဒေသခံပြည်သူတွေ စိုးရိမ်စိတ်နဲ့ နေထိုင်ကြရတဲ့အကြောင်းနဲ့ ထူးခြားတဲ့ သတင်းတွေကို တင်ပြထားပါတယ်။

RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။