ရိုဟင်ဂျာတွေက ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

ရိုဟင်ဂျာတွေဟာ သူတို့နေတဲ့တိုင်းပြည်ကို ပြန်ကိုပြန်ရမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ထပ်‌ပြီးပြောဆိုလိုက်ပါတယ်။ အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ ဒီနိုင်ငံကိုခြေကုတ်ယူပြီး ပုန်ကုန်တော်လှန်မယ့် ဘယ်လှုပ်ရှားကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် ဟာဆီနာက ထည့်သွင်းပြောဆိုပါတယ်။

ရာသီဥတုပြောင်းလဲခြင်းနဲ့စပ်လျဉ်းတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ရှေ့နေ ဒေါက်တာ ပါရမ်နဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်တာလို့ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ BSS သတင်းမှာ မတ်လ ၄ ရက်နေ့က ဖော်ပြထားပါတယ်။

အခုဆိုရင် ကော့ဆက်ဘဇားမှာ ရိုဟင်ဂျာတွေက လူများစုဖြစ်လာပြီး၊ ဒေသခံတွေက လူနည်းစုဖြစ်လာသလို ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်လို့လည်း သူကပြောပါတယ်။ တချို့ရိုဟင်ဂျာတွေက လက်နက်မှု၊ အမျိုးသမီးနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုလို ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်လာလို့ စိုးရိမ်စရာဖြစ်လာတယ်လို့ လည်းဆိုပါတယ်။

ဘာဆန်ချားကျွန်းကိုပြောင်းလိုက်တဲ့သူက သုံးသောင်းခွဲရှိပြီလို့လည်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။