BBC သတင်းဌာနက နေပြည်တော်သတင်းထောက် ကိုအောင်သူရ နဲ့ စစ်ကောင်စီက ထုတ်ဝေခွင့် ရပ်ဆိုင်းခံ ထားရတဲ့ Mizzima သတင်းဌာနက သတင်းထောက် ကိုသန်းထိုက်အောင်တို့ကို မတ် ၁၉ ရက် ဒီနေ့ နေ့လယ် ပိုင်းက နေပြည်တော်မှာ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
အရပ်ဝတ်လူတစ်ချို့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေက RFA ကို ပြောပါတယ်။
နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးမှာ NLD နာယကအဖွဲ့ဝင် ဦးဝင်းထိန် ရုံးထုတ်တာကို သတင်းယူ နေစဉ် တရားရုံးအရှေ့မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ RFA က ကနဦး သိထားရပါတယ်။
