တရုတ်နယ်စပ်မှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ဖို့ နှာခေါင်းစည်းဝေငှ


2020-02-06
Share

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် စိုးရိမ်နေကြသူတွေက မျက်နှာဖုံး နှာခေါင်းစည်း (face mask) တွေ ပိုပြီး အသုံးပြုလာနေကြတဲ့အတွက် တရုတ်မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှာခေါင်းစည်းတွေ ဈေးထိုးတက်သွားပြီး တစ်ချို့ဒေသတွေမှာ ဝယ်လို့မရလောက်အောင် ဖြစ်သွားပါတယ်။ ဒီရက်ပိုင်းအတွင်း ပရဟိတအဖွဲ့တွေ စေတနာရှင်တွေက နှာခေါင်းစည်းတွေကို အခမဲ့ ဝေငှနေကြတာလည်း ရှိလာပါတယ်။

ဒါပေမယ့် ဆေးရုံဆေးခန်းသုံး နှာခေါင်းစည်း(clinical mask) တွေကို စနစ်တကျ မအုပ်ရင်တော့ ကျန်းမာရေးအရ ဘာရောဂါကိုမှ အကာကွယ်မပေးနိုင်ဘူးလို့ ကျန်မာရေးဌာန တာဝန်ရှိသူတွေက ထောက်ပြထားကြပါတယ်။

RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့