အစ္စလာမ် ဘာသာအပေါ် အမြင်လွဲမှားနေမှုတွေ ရှင်းလင်း

2013-06-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ကွန်ရက်ပေါင်းစုက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် YMCA ခန်းမမှာ  ဇွန်လ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပစဉ်
မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ကွန်ရက်ပေါင်းစုက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် YMCA ခန်းမမှာ ဇွန်လ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပစဉ်
photo: RFA/ Nay Myo Htun

အစ္စလာမ်ဘာသာနဲ့ မွတ်စလင်များအပေါ် အထင်အမြင်နားလည်မှု လွဲမှားမှုတွေရှိတယ်ဆိုပြီး မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံ  သား အစ္စလာမ်ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity For Peace Network)က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့ နယ်မှာရှိတဲ့ YMCA ခန်းမမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ အချက် ၉ ချက်ပါ ကြေညာချက် ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ၉ ချက်ထဲက  ၇၈၆ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပတ်သတ်ပြီး Unity For Peace Network ကအဖွဲ့ဝင်  ဦးရဲလှက အဲဒီအခမ်းအနားမှာ အခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။

"မြန်မာပြည်တွင်း၌ နှစ် ၁ ထောင်ကျော်ကာလက ပင် အတည်တကျအခြေကျပြီး တခြားဘာသာ အသီးသီးမှ ညီနောင်များနှင့် အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာကြသည့် အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်များနှင့် စပ်လျဉ်း၍ နားလည်မှုလွဲမှားနေသော အချက်တို့အား ရှင်းလင်းဖော်ပြပါသည်၊ အနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံမှ ကောင်းချီးမင်္ဂလာတို့ရယူရန်၊ တခြားလူများကို ကရုဏာထားဆက်ဆံရန်၊ အစားအသောက်များအား အစ္စလာမ့်စည်းကမ်းနဲ့အညီ စီရင်ထားခြင်းဖြစ်ကြောင်းကို ရည်ညွှန်းခြင်း သာဖြစ်ပါသည်၊ ဘာသာခြားတို့အား ခွဲခြားဆက်ဆံရန်အတွက် လုံးဝမဟုတ်ပါ"

၇၈၆ ကို ပေါင်းလိုက်ရင် ၂၁ ဖြစ်တဲ့အတွက် ၂၁ ရာစုမှာ အစ္စလမ်ဘာသာက ကမ္ဘာကိုလွှမ်းမိုးမည်ဟု ဖွင့်ဆိုချက် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်း၊ ဘာသာမတူ အမျိုးသမီးတွေကို လက်ထပ်နိုင်သူ အစ္စလာမ်ဘာသာဝင်တွေကို အဆင့်လိုက် ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲချက်မှာလည်း လုံးဝ အခြေအမြစ်မရှိကြောင်း၊ လိမ်ညာမှုသာဖြစ်ကြောင်းစတဲ့အချက်တွေ အပါအဝင် ၉ ချက်ကို ရှင်းလင်းခဲ့ပါတယ်။

အဓိကကျတဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက်ချင်း ဖြေရှင်းနေတာထက် စာရင် မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်တွေက တညီတညွတ်တည်း  ရှင်းလင်းထုတ်ပြန်တာ ကို ပြည်သူတွေဆီ တင်ပြပေးနိုင်ရင် အကြမ်းဖက်မှုပပျောက်ပြီး နိုင်ငံတိုးတက်ရေးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဒီသတင်းစာရှင်းလင်းပွဲကို ကျင်းပရတာဖြစ်တယ်လို့ Unity For Peace Networkက ဦးကျော်ဝင်းက ပြောကြားသွားခဲ့ပါတယ်။

ဒီရှင်းလင်းဟာ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့တစ်ခုခုက ဦးဆောင်ကျင်းပတာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံမှရှိတဲ့ အစ္စလာမ်ဘာသာဝင် လူမှုရေးကွန်ရက်တွေရဲ့ သဘောဆန္ဒအရ စုပေါင်းကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (18)
Share

Ba Mg

နေရပ်- Malaysia (K.L)

I really requested to Wira Thu, Pyin Nyar Wa Ra, Anti Muslim Monks and Anti Muslim Buddhist people.. Your Muslim Hate speech and REAL Islam religion is too much different. If Muslim people is no good, Why many people were converted to Islam? Please study the " Holy Quran " and Prophet " Mohammad" story. Please see my web site and You Tube. This is the really true story. After that you will know, Why Islam is the Fastest growing all over the world.
1) ( http://www.youtube.com/watch?v=EsqUwh36NIg )
( 100 Million Muslims in China اكثر من مئة مليون مسلم بالصين )
2) ( http://www.youtube.com/watch?v=JBFJfpG3aac )
( Islam The Fastest Growing R

Jul 23, 2013 09:13 AM

ko kyaw

နေရပ်- UK London

Then, can anyone explain about 786? what does it mean?

Jun 17, 2013 10:40 AM

အမည်မဖော်လိုသူ

နေရပ်- usa

Just a lie as usual. No one believe.

Jun 15, 2013 04:40 AM

(

မသိ၍မေးပရစေ၊ စော်ကားလို၍ မဟုတ်ပါ။ တစ်အိမ်ထဲတွင် ဖအေတူ မအေကွဲ အရွှယ်ယောက် ဘင်္ဂလား မောင်နှင့် နှမ၊ မယားပြိုင်များ အဘယ်သို. ကြည်ဖြူစွာ နေထိုင်နိုင် ကြပါသနည်း။

Jun 14, 2013 05:54 PM

(


ဟုတ်ပါတယ်။ မြန်မာတို့ရေ... အခုခေတ် ဘယ်တိုင်းပြည်မှာမှ အဲသလို ဘာသာခြား မယူရ ဆိုတဲ့ ဥပဒေ ထုတ်ထားတာ မရှိပါဘူး။ ပတ်ဝန်းကျင် ဆွေမျိုးသားချင်းက ထိမ်းကြပါတယ်။ ကိုယ့်အသိစိတ်နဲ့ ကိုယ် ဆင်ခြင်ကြရတာပါ။

Jun 21, 2013 01:03 PM

d

နေရပ်- u

မင်းသိချင်တယ်ပေါ့။ မွတ်စလင်ကိုပဲစော်ကားမနေနဲ့။ အဖေအရင်း က သမီးအရင်းကိုအဓ္ဓမ ကျင့်တာတွေ။ သားကအမေကိုမူးပြီး ကျင့်တာတွေကိုရော ဘယ်လိုမျက်နှာမျိုးနဲ့နေလဲပြန်မေးပါရစေ။ မူးနေလို့ဖြစ်တာလို့မပြောနဲ့နော် ။

Sep 11, 2013 04:52 AM

(

ကမ္ဘာကို လူမျိုးရေးနဲ.သိမ်းသွင်းဖို. မိန်းမတွေနဲ.ကလေးအများကြီးယူမယ်ဆိုရင် အဲ့ဒါ ပညာမတတ်တဲ့ အောက်တန်းဆန်တဲ့ လုပ်ရပ်ဖြစ်သလို ကမ္ဘာက ခွင့်ပြုမှာ မဟုတ်ဘူး။ လူစိတ်မရှိတဲ့သူ၊ ပညာမတတ်တဲ့သူကို ရှင်းပြနေရတာ ကျွဲပါးစောင်းတီးနေရသလိုပဲ...... ပညာတတ်ရင်တော့နားလည်မှာပါ။

Jun 14, 2013 05:50 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့