ငြိမ်းချမ်းရေးကော်မတီက FDB နဲ့ DPNS ကို ကမ်းလှမ်း
2012.01.19
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်။
RFA
ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အခုလို ပြောပါတယ်။
“ဒီကနေ့ မနက်ပဲဗျ။ ကိုကျော်ရင်လှိုင် ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ ဖုန်းဆက်လာပြီးတဲ့ အခါမှာ ပြည်ထောင်စု ဝန်ကြီးတွေ ဒီကို ရောက်တဲ့အခါမှာ ကျွန်တော်တို့နဲ့ တွေ့ချင်တယ်။ တွေ့ဖို့ဆုံဖို့ စကားပြောဖို့ လိုအပ်တယ်လို့ ပြောလာပါတယ်၊ ဒီဟာပါပဲ။ တခြားတော့ ထူးထူးခြားခြား မရှိပါဘူး"
လူ့ဘောင်သစ် ပါတီအနေနဲ့ ဘာတွေ ဆွေးနွေးမယ် ဆိုတာကို ပါတီ ဗဟိုကော်မတီ အစည်းအဝေး ထိုင်ပြီး အတည်ပြုချက် ယူဖို့ လိုဦးမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB အဖွဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင် ကလည်း နေ့ရက် အတိအကျ မသတ်မှတ်ရသေး ပေမယ့် အကြမ်းဖျင်းအားဖြင့် ဖေဖော်ဝါရီ ပထမပတ် အကုန်လို့ ပြောကြောင်း၊ ဒီကိစ္စကို FDB အဖွဲ့ အတွင်း ပြန်လည် တင်ပြ ဆွေးနွေးရဦးမှာ ဖြစ်ကြောင်း
ပြောပါတယ်။









