ပြည်ခိုင်ဖြိုး ပါတီဝင်ဟောင်းများ ပန်ကြားလွှာ ထုတ်ပြန်

0:00 / 0:00

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်းပြဿနာဟာ ပါတီအဝန်းအဝိုင်းကိုကျော်လာရင် နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုပါ တနည်းမဟုတ် တနည်းထိခိုက် လာနိုင်တယ်လို့ ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း ဦးဇော်မြင့်ဖေ က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဟောင်း ၁၂ ဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်မြင့်ဖေ က ပြောတာဖြစ်ပါတယ်။

"ပါတီတွင်း ပြဿနာသည် သူ့ရဲ့ပါတီအတွင်းမှာတင် ရပ်နေရင်ကောင်းပါတယ်၊ တစ်ခါတလေမှာ ဒီလိုကြီးမားတဲ့ ပါတီဟာ သူ့ပြဿနာကို သူ့အဝန်းအဝိုင်းထဲမှာ မထိန်းနိုင်ဘဲနဲ့ ဘောင်ကျော်လာနိုင်တယ်ဆိုတဲ့ အနေအထားဖြစ် ပါတယ်၊ ဘော်ကျော်လာတဲ့အခါမှာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုပါ ဆက်စပ်ပြီးတော့ တစ်နည်း မဟုတ် တစ်နည်းထိခိုက်နိုင်တဲ့ အနေအထားရှိတဲ့အတွက် ကျနော်တို့က အခုတစ်ကြိမ်လည်းပဲ ရှင်းလင်းနေ ရခြင်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ညက ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီတွေကို အသိမပေးဘဲ ပါတီဌာနချုပ်ကို ဝင်ရောက်စီးနင်းတာ၊ နောက်တစ်နေ့မှာ အစည်းအဝေးပြု လုပ်ပြီး ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းတာ၊ စွဲချက်တင်ခံရတဲ့ ကော်မတီဝင်တချို့ကို အသိ မပေးဘဲ ခုခံချေပခွင့်မပေးဘဲ ပါတီတာဝန် ကနေ ရပ်နားလိုက်တာတွေဟာ ပါတီစည်းမျဉ်းစည်းကမ်းတွေနဲ့ မညီကြောင်း ပါရှိပါတယ်။

အဲ့ဒီပန်ကြားလွှာကို ဦးဇော်မြင့်ဖေ၊ ဦးအေးမောက်၊ ဦးစောလှထွန်း အပါအဝင် ၁၂ ဦးက လက်မှတ်ရေးထိုးထားပေ မယ့် သူရဦးရွှေမန်း၊ ဦးမောင်မောင်သိန်းနဲ့ သူရဦးအောင်ကိုတို့က လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကနေ ထုတ်ပယ်ခံရသူအများစုဟာ လက်ရှိ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တွေ ဖြစ်ပါတယ်။

အဲဒီပန်ကြားလွှာကို ပါတီဥက္ကဌ ဦးသိန်းစိန်၊ ပထမအကြိမ် ပါတီညီလာခံကနေ ရွေးချယ်ထားတဲ့ ဗဟိုကော်မတီဝင်အားလုံး၊ ပါတီဝင်အားလုံးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးထံကို ပေးပို့တာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။