ဒုတိယကမ္ဘာစစ်အတွင်း ကမ္ဘာကျော်တိုက်ပွဲဖြစ်ခဲ့တဲ့ အင်ဖာတိုက်ပွဲမှာကျဆုံးခဲ့တဲ့ ဂျပန်စစ်သားတွေ အတွက် အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
အဲ့ဒီအခန်းအနားကို ကျဆုံးသူတွေရဲ့မိသားစုဝင်တွေ အယောက် ၃ဝ လောက် တက်ရောက်ခဲ့ပြီး၊ မြန်မာ ဘုန်းတော်ကြီးတွေရော ဂျပန်ဘုန်းတော်ကြီးတွေကပါ ကျဆုံးသူတွေအတွက် ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။
၁၉၄၄ ခုနှစ်ကဖြစ်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ ဂျပန်စစ်သား ၄ သောင်းခွဲကျော် ပျောက်ဆုံးခဲ့တယ်လို့ ဂျပန်လူမှုဝန်ထမ်းဝန်ကြီးဌာနက ပြောပါတယ်။ အဲ့ဒီပျောက်ဆုံးစစ်သားတွေကို ရှာဖို့ကြိုးစားမယ်လို့လည်း
