KNU ခေါင်းဆောင် ပြင်ဦးလွင် စစ်တက္ကသိုလ်ကို သွားရောက်လေ့လာ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အဖွင့်မိန့်ခွန်းတက်ရောက်ပြောကြားခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူတူးစေးဖိုးဟာ ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်ကို ဒီကနေ့ သွားရောက်လေ့လာခဲ့ပါတယ်။ ပြင်ဦးလွင် စစ်တက္ကသိုလ် တာဝန်ရှိသူတွေဖိတ်ကြားချက်အရ သွားရောက်လေ့လာခဲ့တာလို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးငွေစိုးက ပြောပါတယ်။

"အခုကတော့ရိုးရိုးအလည်သွားတာပါ၊ ဟိုဖက်ကလိုလိုလားလားနဲ့ ဖိတ်ကြားပြီးလာပါဆိုတော့မှ လည်တာပါ၊ အလည်သွားတာပါ၊ မေမြို့ကိုယ့်ဘာသာ အလည်သွားရင်းနဲ့ ခဏဝင်တာပါ၊"

ကေအဲန်ယူဥက္ကဌ မူတူးစေးဖိုးဟာ ပြင်ဦးလွင် စစ်တက္ကသိုလ်လည်ပတ်ခဲ့တဲ့ ပထမဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ကေအဲန်ယူ ဥက္ကဌ မူတူးစေးဖိုးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မကြာ ခဏ နေပြည်တော်မှာ တွေ့ဆုံခဲ့သူလည်း ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မကြာခဏ နေပြည်တော်မှာ လက်ခံတွေ့ဆုံမှုရတဲ့ ကေအဲန်ယူ ခေါင်းဆောင် ဖြစ်ပါတယ်။ မနေ့ကငြိမ်းချမ်ရေး ညီလာခံမှာ သူဟာ မိန့်ခွန်းပြော ကြားရာမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။