လီဆူမျိုးချစ်ပုဂ္ဂိုလ်ဆု ပေးအပ်ပွဲ ပထမဆုံးအကြိမ် ကျင်းပ

2018-04-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်က ပထမလီဆူနှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ကပြုလုပ်တဲ့ လီဆူမျိုးချစ်ပုဂ္ဂိုလ်ဆု ချီးမြှင့် ဆုတောင်းပွဲကို တွေ့ရစဉ်
မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်က ပထမလီဆူနှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ကပြုလုပ်တဲ့ လီဆူမျိုးချစ်ပုဂ္ဂိုလ်ဆု ချီးမြှင့် ဆုတောင်းပွဲကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်က ပထမလီဆူနှစ်ခြင်းခရစ်ယာန် အသင်းတော်ခန်းမမှာ ပထမဆုံး အကြိမ် ပေးအပ်တဲ့ လီဆူမျိုးချစ်ပုဂ္ဂိုလ်ဆု ပေးပွဲအခမ်းအနား ဒီကနေ့ ကျင်းပခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့သားတွြေုဖစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးယောဆက် တို့နှစ်ယောက်ဟာ လီဆူ လူမျိုးတွေအတွက် အဖက်ဖက်ကနေ နှောင်ကြိုးမဲ့ ကူညီခဲ့ကြတာကြောင့် ပထမဆုံးအကြိမ် ဆုချီးမြှင့်တာဖြစ်တယ်လို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဆီဖာလာလူး က ပြောပါတယ်။

"အဓိကတော့ ကျနော်တို့ လူမျိုးတွေအတွက် ဘာသာရေး၊ လူမှုရေး၊ အဖက်ဖက်မှာ ကိုယ့်ရဲ့အကျိုး၊ အတ္တအကျိုး ကို ဘေးဖယ်ပြီးတော့ ကိုယ်ကျိုးစွန် နှောင်ကြိုးမဲ့ ကူညီခဲ့ကြတဲ့ မိုးကုတ်က ကျနော်တို့ရဲ့ ပါတီနာယကကြီး သင်းထောက် ဦးအောင်သိန်းနဲ့အတူ ခေါင်းဆောင်ကြီး ဦးယောဆက် တို့ကို ကျနော်တို့ပေးသွားမှာဖြစ်ပါတယ်။ လာမယ့်အချိန်ကာလမှာလည်း ဒီလိုကျနော်တို့ ဆုတွေ ဆက်လက်ပေးသွားနိုင်ဖို့နဲ့ သမိုင်းဝင် အသိအမှတ် ပြုသွားနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်"

လက်ရှိကာလလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နေချိန်မှာ အဓိကလိုအပ်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အပါအဝင် လီဆူအမျိုးသားတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စုပေါင်း ဆုတောင်းခဲ့ကြပါတယ်။

လီဆူမျိုးချစ်ပုဂ္ဂိုလ် ဆုရသူနှစ်ဦးကို အထိမ်းအမှတ်အဖြစ် ရွှေစင် ၁ ကျပ်ခွဲသား နဲ့ ဂုဏ်ပြုလွှာတွေ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် နိုင်ငံအနှံ့က လီဆူတိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့