လွှတ်တော် ကိုယ်စားလှယ်တွေ မီဒီယာဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

2013-02-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်မှာ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဇ္ဈိမမီဒီယာတို့ ပူးပေါင်းကျင်းပတဲ့ မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲပုံ
နေပြည်တော်မှာ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဇ္ဈိမမီဒီယာတို့ ပူးပေါင်းကျင်းပတဲ့ မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲပုံ
photo: RFA/Win Naung Toe

နိုင်ငံတကာ မီဒီယာဥပဒေနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ဒီကနေ့ လွှတ်တော် အမတ်အတော်များများနဲ့ မဇ္ဈိမမီဒီယာတို့ ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။

လွှတ်တော်မှာ မီဒီယာဥပဒေဆိုင်ရာ အချက်အလက်တွေ ဆွေးနွေးလာတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်အောင် ဒီဆွေးနွေးပွဲက အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ချက်ထားကြောင်း  မဇ္ဈိမမီဒီယာ သတင်းဌာနက ဒေါ်သင်းသင်းအောင်က RFA ကို ပြောပါတယ်။

"ပုံနှိပ်မီဒီယာ ဥပဒေပဲဖြစ်ဖြစ်၊ ရုပ်သံမီဒီယာနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို အစိုးရကနေ ရေးဆွဲပြင်ဆင်နေတာ တွေ့ရပါတယ်၊ ဒီလိုမျိုးရေးဆွဲနိုင်ဖို့အတွက် တခြားသော အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ နိုင်ငံတွေက အတွေ့အကြုံတွေရဖို့အတွက် ရည်ရွယ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးရမှာဆိုတော့ အများကြီးအထောက်အကူပြုပါတယ်"

အခုကျင်းပနေတဲ့ ဆွေးနွေးပွဲက မီဒီယာဥပဒေအကြောင်းတွေ ဆွေးနွေးတဲ့အခါ အထောက်အကူဖြစ်မယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း မီဒီယာဥပဒေနဲ့ ပတ်သက်တာတွေ သိထားသင့်တယ်လို့ ဒီကနေ့ ဆွေးနွေးပွဲတက်နေတဲ့ လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောပါတယ်။

"လွှတ်တော် ကိုယ်စားလှယ်ထဲမှာက ကျွန်တော်သာလျှင် မီဒီယာလောကက လာတာကိုး၊ ကျန်တဲ့လွှတ်တော် ကိုယ်စားလှယ်တွေအများစုက မီဒီယာနဲ့ နီးစပ်တဲ့သူတွေ မဟုတ်ဘူးဆိုတော့ ဒီသင်တန်းက လိုအပ်ချက်တစ်ခုပဲပေါ့၊ ခုလာသင်တာကလည်း နိုင်ငံတကာက ကျွမ်းကျင်တဲ့သူတွေဆိုတော့ အကောင်းဆုံးဖြစ်နိုင်မယ့် ဥပဒေကြမ်းတွေအတွက် များစွာအထောက်အကူပြုနိုင်မယ်လို့ ထင်ပါတယ်"

ဒီကနေ့ဆွေးနွေးပွဲကို ကနေဒါနိုင်ငံအခြေစိုက် Centre for Law and Democracy မှ အမှုဆောင်ဒါရိုက်တာ Mr. Tony Mendel က ဦးဆောင်ဆွေးနွေးခဲ့တာပါ။

မီဒီယာဆွေးနွေးပွဲကို နိုင်ငံရေးပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ် ၄၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့