နှစ်ကျပ်ခွဲကျေးရွာ ပဋိပက္ခမှာ ရဲရိုက်နှက်တာကြောင့် ဆေးရုံတင် ရသူတွေရှိ

2013-02-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာမှာ ကျေးရွာလျှပ်စစ်မီး ပေးတဲ့ကိစ္စအပေါ် အခြေခံပြီး မနေ့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပဋိပက္ခဖြစ်ရာမှာ ဒေသခံတွေကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တာကြောင့် ရွာသား ၄ ဦး ဆေးရုံတင်ထားရပြီး ရွာကျောင်းထိုင်ဆရာတော် ဦးကောသလကိုလည်း  ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။

အရင်ရှိပြီးသားကျေးရွာက ကိုယ်ထူကိုယ်ထစနစ်နဲ့ တပ်ဆင်ထားတဲ့ လျပ်စစ်မီးအစီအစဉ်ကို ဒေသခံအာဏာပိုင်တွေက သူတို့အစီအစဉ်နဲ့ ရွာသားတွေကို အသိမပေးပဲ ပေါင်းပြီးမီးပေးတဲ့စနစ် လုပ်လိုက်တာကြောင့် ပဋိပက္ခဖြစ်တာလို့ ကျေးရွာဆရာတော်တစ်ပါးက မိန့်ပါတယ်။

အဲ့ဒီလျှပ်စစ်မီးပေးရေးကိစ္စမှာပဲ ကျေးရွာမှာနှစ်ဖွဲ့ကွဲသလို ဖြစ်နေတာကြောင့် တဖက်နဲ့တဖက် တင်းမာရာကနေ ရဲတပ်ဖွဲ့ဝင်တွေ မနေ့က ရောက်ရှိလာပြီး ဖြိုခွင်းရာက ရိုက်နှက်တဲ့အဆင့်ထိဖြစ်ခဲ့တာပါ။ တစ်ချို့ရွာသားတွေက ရွာမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးထဲမှာ ဝင်ရောက်ပုန်းနေတာကိုလည်း ရဲတပ်ဖွဲ့ဝင်က ရုံးထဲဝင်ရောက်ပြီး ရိုက်နှက်တာတွေရှိခဲ့တဲ့အတွက် ရုံးလည်းပျက်စီးသွားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက တိုင်းအလုပ်အမှုဆောင် ဦးအေးခိုင်က RFA ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်အင်အား ၈၀ လောက်က နံပါတ်တုတ်တွေနဲ့ ရိုက်နှက်မှုကြောင့် ညောင်ဦးဆေးရုံမှာ ၁ဦး၊ ကျောက်ပန်းတောင်းဆေးရုံမှာ ၃ဦး ဆေးကုနေရတယ်လို့ ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်မှုမရရှိခဲ့ပါဘူး။

ဖမ်းဆီးခံရတဲ့ဆရာတော် ဦးကောသလကို  ပုဒ်မ ၃၉၂ လုယက်မှုနဲ့ တရားစွဲထားပြီး၊ မြင်းခြံထောင်ကို ဒီကနေ့ပို့လိုက်တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နှစ်ကျပ်ခွဲကျေးရွာ လက်ထောက်ကျောင်းထိုင်ဆရာတော်ကို RFA  အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (2)
Share

kyawzayarlu

နေရပ်- karachi

the myanmar police need to arrest Oo wi ya thu bcz he force myanmar public to hate to buddish and muslim ,,,,,dont arrest oo kaw ta la,,,,he is nice person,,,

Mar 11, 2013 04:03 AM

ုkokoaung

နေရပ်- yangoon

ကုလားမပာုတ်လို့ရိုက်တာပါ။ကုလားဆို ကြိုက်တာလုပ်ပါ ဆီပါဆွတ်ပေးတဲ့ သူတွေပါ။

Feb 26, 2013 10:44 AM

ဆိုက်တခုလုံးသို့