ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ ဦးဉာဏ်ဝင်း ပြောဆို

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေမှာ ပါတဲ့ အချက်တချို့ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်လိုက် တာကြောင့် NLD ပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

2011-10-29
Share
nld_party_register_decision_305_z.jpg အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အများစုက ပါတီ မှတ်ပုံမတင်ရေး သဘောတူခဲ့ကြပြီးနောက် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်တွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ယာ) နှင့် ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း (ဝဲ) တို့က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
NLD ပါတီက ကန့်ကွက်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲဥပဒေထဲက အချက်တချို့ကို လွှတ်တော်ကနေ ပြင်ဆင်ချက် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေတာလို့ သိရပါတယ်။ ဒါပေမယ့် ဒီဆောင်ရွက်မှုအတွက် NLD ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီတွင်း သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်နိုင်ပါသလားလို့ မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက - အမှန်ပြောရရင် ပါတီတွင်းမှာ သဘောထားကွဲပြားမှု ရှိကြောင်း၊ ဒါပေမယ့် ဆုံးဖြတ်ချက်တွေမှာတော့ အားလုံး အညီအညွတ်ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဦးဉာဏ်ဝင်းက မိမိအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တာကို မြင်လိုပါတယ်လို့ ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
Anonymous says:
2011-11-06 11:28

ေ၇ွးကောက်ပွဲးဝင်ပါဟုတိုက်တွန်းပါတယ်။အမှားအမှန်ဆိုတာသမိုင်းကဆုံးဖြတ်ပါလိမ်မည်။

Anonymous says:
2011-11-06 21:29

မှတ်ပုံတင်ပါ ပူးပေါင်းဆောင်ရွက်ပါ ခင်များ ပြည်သူ

Anonymous says:
2011-10-31 21:44

စဉ်းစဉ်းစာစားလုပ်ဖို့တော့ လိုပါမည်။

Anonymous says:
2011-10-31 08:06

NLD must enter to election. then some parties ( except usdp )will stand firm with nld. right now in hlutdaw, no one cannot oppose usdp, because they are not as famous enough as nld, and they don't have the real leader... they need the real leader to make the best dicision for our country's future.

Anonymous says:
2011-10-30 18:58

should be do for our country ,,,,

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့