မန္တလေးက CDM လုပ်တဲ့ မီးရထား ဝန်ထမ်းတွေကို ဖိအားပေး

2021.03.18
မန္တလေးက CDM လုပ်တဲ့ မီးရထား ဝန်ထမ်းတွေကို ဖိအားပေး မန္တလေးမြို့က မြန်မာ့မီးရထားဝန်ထမ်းတွေ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာကို တွေ့ရစဉ်
Photo: RFA

မန္တလေးမှာ အလုပ်ခွင်မဆင်းဘဲ အာဏာဖီဆန် CDM လုပ်နေတဲ့ မီးရထားဝန်ထမ်းတွေအနေနဲ့ အလုပ် ပြန်မဝင်ရင် ဝန်ထမ်းလိုင်းခန်းတွေကနေ ဖယ်ရှားပေးဖို့ ဒီကနေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက လိုင်းခန်းတွေမှာ စာလာကပ်ခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေဆီက သိရပါတယ်။

အဲဒီစာထဲမှာ လာမယ့် မတ် ၂၂ ရက်နေ့မှာ အလုပ်ပြန်ဝင်ဖို့နဲ့ အလုပ်မဝင်ဘဲ လိုင်းခန်းတွေမှာ ဆက်လက် နေမယ်ဆိုရင် အင်အားသုံးရှင်းလင်းမယ်လို့ ပါဝင်ပါတယ်။

"ကျွန်တော်တို့ လူကြီးတွေလာကပ်တာမဟုတ်ဘူး။ ရဲတွေ လာကပ်သွားတာ။ ကျွန်တော်တို့ကလည်း ၂၁ ရက်နေ့ထွက်ဖို့ ပြင်ထားကြပါတယ်။ နီးစပ်ရာ သွားနေကြရမှာမို့ နေစရာ ကူညီနိုင်သူရှိရင် ကူညီပေးစေ ချင်ပါတယ်" လို့ CDM လုပ်နေတဲ့ စက်ခေါင်းမောင်း မီးရထားဝန်ထမ်း တစ်ယောက် က ပြောပါတယ်။

မီးရထားဝန်ထမ်းတွေဟာ စစ်အာဏာရှင်အစိုးရကို မကြိုက်လို့ CDM ဝန်ထမ်းလုပ်တဲ့ ဝန်ထမ်း တွေထဲမှာ ဝန်ထမ်းအများဆုံးလုပ်တဲ့ဌာနဖြစ်ပြီး နေ့စဉ် ဆန္ဒပြနေတဲ့သူတွေလည်း ဖြစ်ပါတယ်။

မန္တလေးမြို့မှာ CDM မီးရထားဝန်ထမ်း ၁၅၀၀ ကျော်ရှိပြီး မီးရထားဝန်ထမ်းတွေ CDM လုပ်လို့ဆိုပြီး လိုင်းခန်းတွေကို ညဘက်အချိန်မတော် သေနတ်တွေနဲ့ ပစ်ဖောက်ပြီး ခြိမ်းခြောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။