၂၀၁၅ ရွေးကောက်ပွဲ SNLD ပါတီ ဝင်ပြိုင်မည်


2014.03.24
snld-office-open-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဗဟိုဌာနချုပ်ရုံးခန်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနားဖွင့်ပွဲတွင် NLD နာယက ဦးတင်ဦး အမှာစကား ပြောကြားနေစဉ်
Photo: RFA

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ SNLD ပါတီညီလာခံမှာ တက်ရောက်သူတွေက သဘောတူကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဒီနေ့ စတင်ကျင်းပတဲ့ SNLD ပါတီရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရှမ်းပြည်နယ် မြို့နယ်ပေါင်း ၄၂ မြို့နယ်က ကိုယ်စားလှယ်တွေ တက်ရောက်နေတာ ဖြစ်ပြီး  ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘောထားပေးကြတယ်လို့ SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မလား ဆိုတာကိုလည်း နောက်နေ့ အစည်းအဝေးတွေမှာ ဆက်လက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကျားဖြူပါတီနဲ့ ပေါင်းစည်းရေးအတွက် တက်ရောက်လာတဲ့ SNLD ပါတီဝင်တွေက လက်ခံကြတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် နှစ်ပါတီခေါင်းဆောင်တွေ တွေ့ဆုံရေးအတွက် အဆင်မပြေသေးတာမို့ ပေါင်းစည်းရေးအတွက် အချိန်ကြာနိုင်လိမ့်ဦးမယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာလည်း နားဆင်နိုင်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းများ
မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။