မြောက်ဦး တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ ရေကြီးနေလို့ ဒုက္ခသည်တွေ အခက်အခဲဖြစ်နေ

2021-07-28
Share
မြောက်ဦး တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ ရေကြီးနေလို့ ဒုက္ခသည်တွေ အခက်အခဲဖြစ်နေ မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၁၊ ဇူလိုင် ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဒုက္ခသည် သုံးထောင်ကျော် ခိုလှုံနေတဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည် စခန်းမှာ မိုးတွေသည်းထန်စွာ ရွာသွန်းနေရာ ရေကြီးရေလျှံနေလို့ ဒုက္ခသည်တွေ အခက်အခဲ ဖြစ်နေကြ ပါတယ်။

မနေ့က ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ မိုးတွေအဆက်မပြတ် ရွာသွန်းနေတာဖြစ်ပြီး အခုလက်ရှိ ဒုက္ခသည် စခန်းတစ်ခုလုံး ရေတွေပြည့်နေပြီး တော်တော်လေးကို အခက်အခဲ ဖြစ်သွားနိုင်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အဲဒီဒုက္ခသည်စခန်းမှာ မြောက်ဦးမြို့နယ်က ကျေးရွာပေါင်း ၁၃ ရွာက ဒုက္ခသည် ၃၃၅၅ ဦး တို့ ခိုလှုံနေကြတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ အခုရက်ပိုင်း မိုးတွေအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံတာတွေနဲ့ မြို့နယ်တော်တော်များများမှာ ရင်ဆိုင်နေကြရပြီး အဲဒီတိမ်ညို စစ်ဘေးဒုသည် စခန်းအပါအဝင် တခြားဒုက္ခသည်စခန်းတချို့မှာလည်း အခုလိုအခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့