ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်တဲ့အနေနဲ့ လုပ်ငန်းခွင်သုံး စက်ယန္တရားတွေ သွားလာလို့ မရအောင် တဲဆောက်လုပ်ပြီး ဒေသခံတွေ စုဝေးနေထိုင်တာကို ဖယ်ရှားဖို့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဒီနေ့ ညွှန်ကြားခဲ့ပါတယ်။
ငြိမ်းစုစီ ဥပဒေနဲ့အညီ ခွင့်ပြုချက်မရယူထားတဲ့အတွက် မဖယ်ရှားပေးရင် အရေးယူမယ်လို့ ပြော သွားကြောင်း အောင်သပြေကျေးရွာခံ ဦးရွှေအုန်း က ပြောပါတယ်။
"လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ စုဝေးခွင့် မတင်ခဲ့လို့ရှိရင် အားလုံးဒီအပေါ်မှာနေပြီး စုဝေးဟောပြောခြင်းများ ပြုလုပ်ခဲ့ရင် ပုဒ်မ ၁၉ အရ တရားဥပဒေနဲ့အညီ အရေးယူမယ်တဲ့၊ ထောင်ဒဏ် ၃ လ သို့မဟုတ် ငွေဒဏ် ၅ သောင်းကျခံရမယ်လို့ သူတို့ကပြောသွားတယ်၊ ဥပဒေကို ကျနော်တို့ မချိုးဖောက်ဘူး"
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ အကောင်အထည်ဖော်မယ့် ဘိလပ်မြေစက်ရုံစီမံကိန်း ရပ်တန့်ပေးဖို့ နဲ့ လုပ်ငန်းခွင်သုံးစက်ယန္တရားတွေ ရွာလမ်းကို အသုံးပြုလို့မရအောင် တားဆီးတဲ့အနေနဲ့ ရွာသားတွေက ရွာထိပ်ဇရပ်မှာ ပြီးခဲ့တဲ့မတ်လကတည်းက အလှည့်ကျနဲ့ စုဝေးနေထိုင်ကြတာဖြစ်ပါတယ်။
ဘိလပ်မြေစက်ရုံစီမံကိန်း ရပ်တန့်ပေးဖို့နဲ့ လုပ်ငန်းခွင်သုံးစက်ယန္တရားတွေ ရွာလမ်းကို အသုံးပြုလို့မရအောင် တားဆီးတဲ့အနေနဲ့ ရွာသားတွေက ရွာထိပ်ဇရပ်မှာ ပြီးခဲ့တဲ့မတ်လကတည်းက အလှည့်ကျနဲ့ စုဝေးနေထိုင်ကြတာ ဖြစ်ပါတယ်။
အဲဒီစီမံကိန်းကို မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အကောင်အထည်ဖော်နေတာဖြစ်ပြီး ဒေသခံ ၁၀၀ ကျော် က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လက်မှတ်ရေးထိုး ကန့်ကွက်ထားပါတယ်။
အဲဒီကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် ဇွန်လက စတင်လုပ်ကိုင်ခွင့် ရရှိထားတာဖြစ်ပါတယ်။
